လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ
တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၄) ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် နိဗ္ဗာန်ကျေးရွာအုပ်စုအတွင်း
လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက် လှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
Source: DDM