ပန်းတနော်မြိုနယ်အတွင်းရှိ ကျေးရွာများ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
၁၅ မတ် ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ပန်းတနော်မြိုနယ်၊(ဘုရားချောင်း၊ အိုးဘို၊ သုံးခွ၊ ကျုံလမ်း၊ ကျုံတိုင်းကြီး၊
မိုးကုတ်) ကျေးရွာအုပ်စုတို့ရှိ အိမ်ခြေ (၃၀၀) လုံးအား လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးအတွက်
စာရင်းကောက်ယူခြင်း၊ ဝါး၊ ဓနိ စသည့် အိမ်ဆောက်ပစ္စည်းများ သယ်ပို့ ဖြန့်ဝေခြင်းနှင့်
ပြုပြင်မွန်းမံခြင်းလုပ်ငန်းများအား (၈/၉/၁၀/-၃-၂၀၂၃)ရက်နေ့များတွင် ပန်းတနော်
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊
ရပ်/ကျေး စာရေးများ၊ ကြက်ခြေနီနှင့်
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
Source: DDM