လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(/၂၀၂၄)သင်တန်းဆင်းပွဲကို (၂၅--၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လူမှုဝန်ထမ်းရုံးဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က မူးယစ် ဆေးဝါးပြဿနာကို တစ်ကမ္ဘာလုံးနည်းလမ်းမျိုးစုံဖြင့် ရင်ဆိုင်ဖြေရှင်းနေရကြောင်းမြန်မာနိုင်ငံ နေဖြင့်လည်း မူးယစ်ဆေးဝါးပြဿနာကိုထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအဖုံဖုံတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့််လည်း မူးယစ်ဆေးဖြတ်ပြီးသူများအား လူ့အသိုက် အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နေထိုင်နိုင်စေရန် ရည်ရွယ်၍ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းများ၊ စခန်းအခြေပြုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ထိုသို့ဖွင့်လှစ် ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာအတွင်း မူးယစ်ဆေးသုံးစွဲသူများလျော့နည်းလာသည့် ရလဒ်ကောင်း များ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန် လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဆင်းအမှာ စကားပြောကြားရာတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများတွင် မူးယစ် ဆေးဖြတ်ပြီးသူများအား  စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများ၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်၍ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ    ပြန်လည်ထူ ထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူ ထောင်ရေးစခန်း(ကျိုင်းတုံ)အနေဖြင့် စခန်းအခြေပြုသင်တန်း (၃၆)ကြိမ်သင်တန်းသား(၆၁၂)ဦး၊ ရပ်ရွာအခြေပြုသင်တန်း ()ကြိမ်၊ သင်တန်းသား(၃၄၀)ဦး စုစုပေါင်းသင်တန်းသား(၉၅၂)ဦးအား ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် လူမှု ဒုက္ခခံစားနေရသောပြည်သူများကို ပြန်လည်ထူထောင်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သောဘဝကို ရရှိ စေမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးအတွက် လူထုများအားလုံး ပူးပေါင်း ဆောင်ရွက်မှသာ ပြည့်စုံနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား ခဲ့ပြီး  သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းတွင် ထူးချွန် ဆုရရှိသူများအား ထူးချွန်ဆုများပေးအပ်ချီးမြင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

                 အဆိုပါသင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ သင်တန်းသားများ၊ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက် ခဲ့ပြီး နံနက်(၁၁:၀၀)နာရီတွင် ဆင်းပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR