၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နေ့လည်(၁၄)နာရီတွင် ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သော “Basic English Language Communication Skills” သို့တက်ရောက်ခဲ့သည့် သင်တန်းသူ ဦးစီးအရာရှိ၊ ဒေါ်ခိုင်သဇင်အောင်မှ သင်တန်းအတွေ့အကြုံ နှင့်ဗဟုသုတများရှင်းလင်းတင်ပြခြင်း အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစီအစဉ်သည် ဌာနတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့အတွေ့အကြုံမျှဝေခြင်း အစီအစဉ်များ ဆောင်ရွက်ရခြင်းမှာ သင်တန်းတက်ရောက်သူအနေဖြင့် သင်တန်းမှပို့ချချက်များကို မည်မျှ ရရှိခဲ့သည်၊ မည်မျှမှတ်သားနိုင်သည်၊ မည်သို့ပြန်လည်အသုံးချရမည်ကို သိရှိနိုင်စေရန်နှင့် အစီရင်ခံစာများကို ပြည့်စုံကောင်းမွန်စွာ ရေးသားနိုင်စေရန်ဖြစ်ကြောင်း၊ ထို့အပြင် Presentation Skill လည်း တိုးတက်လာစေရန်ဖြစ်ကြောင်း၊ ယင်းသို့အစီအစဉ်များကို ဌာနမှဦးစီးအရာရှိ အထက် အဆင့်ရှိသော အရာထမ်းများအားလုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ကာလ တွင် English ဘာသာသည် အရေးပါသောကဏ္ဍတွင်ရှိကြောင်း၊  English ဘာသာအား နေ့စဉ်ပုံမှန်လေ့လာနေရန်လိုအပ်ကြောင်း၊ ထို့အပြင် ကွန်ပျူတာကျွမ်းကျင်မှုရှိရန်လည်း အရေးကြီးကြောင်း၊ ကွန်ပျူတာပညာ Updated များကို Online Website များမှ လေ့လာ၍ ရကြောင်း၊ နည်းပညာသစ်များကို User Friendly ဖြစ်နေစေရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ Knowledge Share အစီအစဉ်များကိုလည်း အခါအားလျော်စွာ ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ပြည်တွင်း၊  ပြည်ပသင်တန်းတက်ရောက်သည့် သင်တန်းသား/သူများ အနေဖြင့် သင်တန်းတွင်သေချာလေ့လာမှတ်သားပြီး ပြည့်စုံစွာပြန်လည်တင်ပြနိုင်ရန်နှင့် အစီရင်ခံစာ ကို ပြည့်စုံစွာရေးသားနိုင်အောင် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ရေးသားထားသည့် အစီရင်ခံစာများအား ဌာနစာကြည့်တိုက်တွင် မှတ်တမ်းထားရှိခြင်းဖြင့် အခြားလုပ်ဖော် ကိုင်ဖက်ဝန်ထမ်းများ ဖတ်ရှုလေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် “Basic English Language Communication Skills” သင်တန်းသို့ တက်ရောက်ခဲ့သူ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ မန္တလေးမှ ဦးစီးအရာရှိ၊ ဒေါ်ခိုင်သဇင်အောင်က သင်တန်းမှရရှိခဲ့သော ဗဟုသုတနှင့် အတွေ့အကြုံများကို ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းအတွေ့အကြုံများရှင်းလင်းတင်ပြခြင်း အစီအစဉ်သို့ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အထက် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR