လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagiဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်း (၁၃:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏သဘာဝဘေးနှင့်ပဋိပက္ခကြောင့်နေရပ်စွန့်ခွာသူများနှင့်ဒုက္ခသည်များအားလူသားချင်းစာနာမှုနှင့်အကာအကွယ်ပေးမှုလုပ်ငန်းတာဝန်များ၊ပဋိပက္ခဖြစ်ပွား၍နေရပ်စွန့်ခွာသူများရှိသည့်ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ပြည်တွင်းနေရပ်စွန့်ခွာသူများအား UNHCR ကအထောက်အပံ့ပေးမှုများ၊ဝန်ကြီးဌာနနှင့် UNHCR တို့အကြားနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးညှိနှိုင်းဆောင်ရွက်နေမှုများ၊UNHCR ကမိုခါမုန်တိုင်းသင့်သူများအတွက်လူသားချင်းစာနာမှုအကူအညီပေးအပ်မည့်ဆိုလာမီးအိမ်များအားရန်ကုန်မြို့တွင်လက်ခံ၍ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UN-OCHA)(ယူအင်န်-အိုချာ) နှင့်ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများ၊နိုင်ငံခြားသားဝန်ထမ်းများ၏ပြည်တွင်းခရီးသွားလာခွင့်ရရှိလိုသည့်ကိစ္စများနှင့်ပြည်ဝင်ဗီဇာရရှိလိုသည့် ကိစ္စများကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက်ယူနန်ပြည်နယ်၊ Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC) မှပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုမွန်းလွဲပိုင်း တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ယာယီတာဝန်ခံ       Mr. Zhang Zhonghuaနှင့်Yunna Commercial Representative Office ၏ညွှန်ကြားရေးမှူး Mr. Gao Wei တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးယာယီတာဝန်ခံညွှန်ကြားရေးမှူးနှင့်Yunnan Commercial Representative Office ၏ညွှန်ကြားရေးမှူး Mr. Gao Weiတို့ကလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍အသီးသီးပြောကြားရာတွင်ယနေ့လှူဒါန်းမှုမှာယူနန်ပြည်နယ်၊ Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC) အနေဖြင့်မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရန်အတွက်ယွမ်(၁၀၀,၀၀၀)တန်ဖိုးရှိပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်ပါကြောင်း၊ထိုသို့လှူဒါန်းမှုများသည်မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြားချစ်ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မြဲစေရန်ဖော်ဆောင်ခြင်းလည်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းကကျေးဇူးတင်စကားပြန်လည်ပြောကြားရာ၌ဆိုင်ကလုန်းမုန်တိုင်းမိုခါအတွက်ကြိုတင်ပြင်ဆင်ရေး၊တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုနိုင်ငံတော်အစိုးရ၏ဦးဆောင်လမ်းညွှန်မှု၊အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အနီးကပ်ကြီးကြပ်မှု၊လုပ်ငန်းကော်မတီများ၏ပူးပေါင်းပါဝင်မှု၊ပြည်နယ်အစိုးရအဖွဲ့များ၏အကောင်အထည်ဖော်မှုဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ပြန်လည်ထူထောင်ရေးကာလတွင်လည်းလုပ်ငန်းများကိုကဏ္ဍအလိုက်၊ဦးစားပေးအဆင့်အလိုက်ဆောင်ရွက်နေပါကြောင်း၊မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက်ပြည်တွင်း/ ပြည်ပစေတနာရှင်များနှင့်နိုင်ငံတကာအသိုင်းအဝိုင်းတို့မှလှူဒါန်းထောက်ပံ့မှုများကိုတပ်မတော်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှရေယာဉ်၊လေယာဉ်များဖြင့်စစ်တွေမြို့သို့အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီးစစ်တွေမြို့မှတစ်ဆင့်ဘေးသင့်ဒေသမြို့နယ်များအထိဆက်လက်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ယခုကဲ့သို့ပြန်လည်ထူထောင်ရေးပစ္စည်းများလာရောက်လှူဒါန်းပေးခြင်းအတွက်ကျေးဇူးတင်ရှိပါကြောင်း၊အဆိုပါပစ္စည်းများကိုဘေးသင့်ဒေသများအတွက်အကျိုးရှိစွာအသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊အလှူရှင်များအားလုံးကိုနိုင်ငံတော်နှင့်ဘေးသင့်သူများကိုယ်စားကျေးဇူးတင်ပါကြောင်းနှင့်လေးစားစွာမှတ်တမ်းတင်အပ်ပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကအခမ်းအနားတွင်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးယာယီတာဝန်ခံညွှန်ကြားရေးမှူးနှင့်Yunnan Commercial Representative Office ၏ညွှန်ကြားရေးမှူးတို့အားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR