လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃)ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ထိခိုက်သွားသည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား သွားရောက်ထောက်ပံ့ခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ လိမ္မော်ခြံကျေးရွာ အုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ လောက်လေးချောင်းကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ကမ်းမြှောင်ကျေးရွာ အုပ်စုမှ လုံးဝပျက်စီးအိမ်ခြေ(၂၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၂၄)လုံး၊ စုစုပေါင်းအိမ်ခြေ (၁၄၉) စုမှ လူဦးရေ (၅၄၁)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁,၁၃၆,၁၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေစုစုပေါင်း (၈,၇၀၀,၀၀ဝ/-)ကျပ်တို့ဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၉,၈၃၆,၁၀ဝ/-)ကျပ်အား (၂၂-၂-၂၀၂၃)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR