လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့်အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး Mr. Martin Griffiths ဦးဆောင်သောအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆိုင်ကလုန်းမုန်တိုင်းမိုခါ မတိုက်ခတ်မီကပင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အရေးပေါ်အစည်းအဝေး

အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန ( Disaster Management Center- DMC) အား ၈-၅-၂၀၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ကာ သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ကြိုတင်ပြင်ဆင်မှုဖြင့် မုန်တိုင်းကြောင့် လူ့အသက်သေဆုံးမှုနှင့် ထိခိုက်ဆုံးရှုံး မှုများအား လျှော့ချနိုင်ခဲ့မှု၊ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေ၊ မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးနိုင်မှု၊ အာဆီယံအဖွဲ့၏ AHA Centre မှ In Country Liaison Team  ကနေပြည်တော်တွင် လာရောက်ရုံးထိုင်ပြီး အကူအညီများပေးအပ်ခဲ့မှု၊ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) အဖွဲ့ဝင် (၁၄) ဦး ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကွင်းဆင်းလေ့လာမှုခဲ့မှုအခြေအနေများ၊ မိတ်ဆွေနိုင်ငံများက လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ပေးအပ်မှုအခြေအနေများနှင့်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) နှင့် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

ထို့နောက် Mr. Martin Griffiths က ဆွေးနွေးရာတွင် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ UNOCHA အနေဖြင့် မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နိုင်ရေးဆောင်ရွက်မှု၊ UNOCHA နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးရေးကိစ္စရပ်များ၊ OCHA ဝန်ထမ်းများ၏ပြည်ဝင်ဗီဇာကိစ္စရပ်များ၊အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းအများစုသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ (MoU)သက်တမ်းကုန်ဆုံးနေခြင်းကြောင့်လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသောစိန်ခေါ်မှုများအား ရင်းနှီးပွင့်လင်းစွာအမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး  Mr. Ramanathan Balakrishnan၊ ရန်ကုန်မြို့ UNOCHA  ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် ဝန်ကြီးဌာနဘက်မှ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR