လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၄)ရက်နေ့
(၀၇:၀၀) နာရီအချိန်၌ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့်
ကယ်ဆယ်ရေးစခန်း (၁၃) ခုရှိ အိမ်ထောင်စု (၉၁၁)စုတို့မှ စုစုပေါင်းလူဦးရေ (၃,၆၂၆) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ
(၇,၆၁၄,၆၀ဝိ/-)ကျပ်အား (၂၇-၇-၂၀၂၄)ရက်နေ့ (၁၃ : ၀၀) နာရီအချိန်တွင်
ဘီးလင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ
ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM