လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊‌ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂-၅-၂၀၂၂  ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ထိပ်ဝကြီးကျေးရွာနှင့် မြမ္မာပြာသာကျေးရွာအုပ်စု၊ မြမ္မာပြာသာကျေးရွာတို့၌ ဖြစ်ပွားခဲ့သောလေဘေး ကြောင့်  ပြိုကျနေအိမ် (၅၀)လုံး၊ အမိုးလန်နေအိမ် (၈၇)လုံး၊ စုစုပေါင်းနေအိမ် (၁၃၇)လုံးတို့မှ အိမ်ထောင်စု (၁၃၇)စု၊ လူဦးရေ (၅၈၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး(၅၀)၊ ဆန်ရိက္ခာ ၇ ရက်စာဖိုးငွေ(၁,၂၂၆,၄၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၇,၆၁၀,၀၀ဝိ/-) စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၈,၈၃၆,၄၀ဝိ/-)အား (၆-၅-၂၀၂၂)ရက်နေ့ (၁၀:၃၀)အချိန်တွင် ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်‌အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR