သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲ နိုင်ရေးဆောင်ရွက်ရန်နှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေးဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအတွင်း ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြပါ သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မေလ(၂၇)ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် အမျိုးသားကော်မတီ က္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌက သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၀၉)နှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေး လမ်းညွှန်ချက်ရှိကြောင်း၊ တည်မြဲအမိန့်မှာ ၂၀၀၉ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ထားကြောင်း၊ အဆိုပါတည်မြဲအမိန့်ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်အတွက် အပိုင်းအလိုက် အဆင့်ဆင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ သဘာဝ ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေသည်များရှိကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ဘေးတစ်မျိုးချင်းစီအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို လမ်းညွှန်ချက် ပုံစံမျိုးကဲ့သို့ ရေးဆွဲထုတ်ပြန်ထားရန်လိုကြောင်း၊ မူလရှိပြီးစီမံချက်များ၊ လမ်းညွှန်ချက်များရှိပါက ခေတ်ကာလနှင့်လျော်ညီစွာ ပြန်လည်သုံးသပ်သွားရန်၊ ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်သွားရန်လိုအပ် ကြောင်း၊ ယခုတည်မြဲအမိန့်ကို သုံးသပ်ပြင်ဆင်ရေးဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ပြောင်းလဲဖြစ်ပေါ်ဆောင်ရွက်နေသည့်အခြေအနေများကိုလည်း လေ့လာဆောင်ရွက်ရန် လိုကြောင်း၊ သဘာဝဘေးဖြစ်ပွားပါက ဖြေရှင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်၊ တိုင်းဒေသ ကြီး/ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့် စသည်ဖြင့် အဆင့်များသတ်မှတ်ဆောင်ရွက်မှု အခြေအနေ ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် သို့မဟုတ် လုပ်ငန်းကော်မတီများ အလိုက် တာဝန်များသတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း၊ ထိရောက်ကျစ်လစ်ရန်လိုကြောင်း၊ တည်မြဲအမိန့် သုံးသပ်ပြင်ဆင်ရေးအတွက် ဝန်ကြီးဌာနအတွင်း Core Group ဖွဲ့စည်းကာ လုပ်ငန်းအဆင့်ဆင့် သတ်မှတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံချက်များ၊ လမ်းညွှန်ချက်များရေးဆွဲသကဲ့သို့ ပြည်သူလူထုအသိပညာပေး လုပ်ငန်းများ၊ ပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း COVID-19 ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေများအရ ခေတ္တရပ်နားထားခဲ့ရာ ယခုဆောင်ရွက်၍ရမည့် နည်းလမ်းများ စဉ်းစား၍ COVID-19 သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးလမ်းညွှန် ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)တွင် ဝန်ကြီးဌာနများ၏ တာဝန်များကို အဓိကထား၍ရေးဆွဲထားကြောင်း၊ ပြန်လည်သုံးသပ် ပြင်ဆင်ရေးအတွက် သဘာဝဘေးမျိုးအစားအလိုက်လည်း စဉ်းစားရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သဘာဝဘေးရင်ဆိုင်တုံ့ပြန် ရေး၊ လိုက်လျောညီထွေနေထိုင်တတ်စေရေး၊ သဘာဝဘေးကိုရင်ဆိုင်ရန်အဆင်သင့်ဖြစ်စေရေး၊ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးသို့ဦးတည် ဆောင်ရွက်ရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်းဆွေးနွေးပါသည်။ ဆက်လက်၍ ဇာတ်တိုက် လေ့ကျင့်မှုများနှင့်ပတ်သက်၍ တပ်မတော်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးပြီး မြေပြင်တွင်လက်တွေ့မဆောင်ရွက်မီ Table Top Exercises အနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက ၂၀၀၉ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့သည့် တည်မြဲအမိန့် ရေးဆွဲထားသည့် ဖွဲ့စည်းမှုပုံစံ၊ ပါဝင်သည့် အပိုင်းကဏ္ဍများ၊ အခြားသဘာဝဘေးဆိုင်ရာစီမံချက်များ၊ လမ်းညွှန်ချက်များ ရေးဆွဲထားရှိမှုအခြေအနေ များ၊ တည်မြဲအမိန့် သုံးသပ်ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက် ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၉ခုနှစ်တွင် ရေးဆွဲခဲ့သည့် သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်ကို ခေတ်ကာလနှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲ နိုင်ရေးအတွက် လိုအပ်သည်များ သုံးသပ်ဆောင်ရွက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်သတ်မှတ်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ဆက်လက်ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR