(၂၉.၇.၂၀၂၂)ရက်နေ့တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်ကို စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ ၊ အ.ထ.က(၃)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၃၀)ဦး တက်ရောက် ခဲ့ပါသည်။ ထိုအစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးက “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရယ်” အသိပညာများကိုပြောကြားပြီး၊ ဒုတိယညွှန်ကြားရေးမှူးက “မိုင်းအန္တရယ် အသိပညာပေးခြင်း”များကို ရှင်းလင်းပြောကြားပြီး၊  စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက “လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းပေး” နှင့် “မူးယစ်အန္တရယ် လူ့ရန်စွယ်”  အသိပညာများကို ရှင်းလင်းပြောကြား ပြီး၊ ဦးစီးမှူးက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” အသိပညာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR