(၂၉.၇.၂၀၂၂)ရက်နေ့တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်ကို စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ ၊ အ.ထ.က(၃)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၃၀)ဦး တက်ရောက် ခဲ့ပါသည်။ ထိုအစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးက “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရယ်” အသိပညာများကိုပြောကြားပြီး၊ ဒုတိယညွှန်ကြားရေးမှူးက “မိုင်းအန္တရယ် အသိပညာပေးခြင်း”များကို ရှင်းလင်းပြောကြားပြီး၊  စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက “လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းပေး” နှင့် “မူးယစ်အန္တရယ် လူ့ရန်စွယ်”  အသိပညာများကို ရှင်းလင်းပြောကြား ပြီး၊ ဦးစီးမှူးက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” အသိပညာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR