လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၄)ရက်နေ့ (၁၇း၃၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ် - မုံရွာလမ်းဘေး (ဘုရင်မ ဟာလ၀ါဆိုင်နောက်ရှိ) ကုက္ကိုလ်ပင်လဲကျမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ပိုင်ရှင်တစ်ဦးတည်းပိုင် လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀,၀၀၀ိ/-)၊ ဘေးသင့်အိမ်ထောင်စု (၃)စုမှ ကျား/မလူဦးရေ စုစုပေါင်း (၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂,၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၂,၆၀၀ိ/-)တိတိအား (၁၃-၆-၂၀၂၄)ရက်နေ့ (၁၇း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်၀ယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM