လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၄)ရက်နေ့၊ (၈:၃၀)အချိန်မှ (၁၀း၀၀) အချိန်ထိ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၌ စာသင်သား/သူ (၁၀၀)ဦး၊ (၁၀း၃၀)အချိန်မှ (၁၂း၃၀)အချိန်ထိ၊ ရတနာဒိပ္ပစာသင် တိုက်တွင် စာသင်သား/သူ (၁၀၀)ဦးနှင့် (၁၀း၃၀)အချိန်မှ (၁၂း၃၀)အချိန်ထိ၊ ဝေပုလ္လစာသင်တိုက်တွင် စာသင်သား/သူ (၅၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၂၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ဘောပင်နှင့်ဗလာစာအုပ် များ ဖြန့်ဝေပေးခဲ့ပါသည်။

 

Source:  DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR