လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၁၂-၂၀၂၃) ရက်နေ့၊ (၁၄:၅၅) နာရီအချိန်ခန့်၌ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ချယ်ရီလမ်းရှိ (၁၀x၂၀) ပေ၊ ပျဉ်ခင်း၊ သွပ်ကာ၊ သွပ်မိုးနေအိမ်တွင် တီဗွီသို့ သွယ်တန်းထားသော မီးကြိုး သည် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ် (၆) လုံး (လုံးဝပျက်စီး)၊ လူဦးရေ (၂၀) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၆၀၀၀၀ဝိ/-) ၊ ဆန်ရိက္ခာဖိုး (၄၂၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၃၅၈၁၂ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၀၀၁၂ဝိ/-) တို့အား (၂၁-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၅၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM