၁၅-၉-၂၀၂၂   နေပြည်တော်

          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၂၂ - ၂၀၂၇) အား မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့ ဦးဆောင်ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေပြီး၊ နိုင်ငံတော်အစိုးရအတွက် ပုံရိပ်ကောင်းများထင်ဟပ်စေမည့် ကာလတိုရည်မှန်းချက် (Quick Win)များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ “မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇) အားအတည်ပြုပြဋ္ဌာန်းခြင်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း” သည် လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံချက် (Myanmar Sustainable Development Plan – MSDP)၊ အာဆီယံမဟာဗျူဟာလုပ်ငန်း အစီအစဉ် ၂၀၂၅ (ASEAN Enabling Masterplan: 2025) တို့နှင့်အညီ ရေးဆွဲထားပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် ဂုဏ်ယူ ဝမ်းမြောက မိပါကြောင်း၊ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက်အဝန်းအတွင်း အများနည်းတူပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်းသည် လုပ်ငန်းလမ်းညွှန်အဖြစ်တည်ရှိနေပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းစီမံချက်များ ဆက်လက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏အောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီ(၉)ခုကို ဖွဲ့စည်းထားရှိပြီး၊ အဆိုပါဆပ်ကော်မတီများအနေဖြင့် ဆပ်ကော်မတီအစည်းအဝေးများ အမြန်ဆုံးခေါ်ယူကျင်းပသွားရန်နှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဝင်များအား မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇) စာအုပ်များ ပေးအပ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါ်ချောစုလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း ရေးဆွဲနိုင်ရေး နည်းပညာပံ့ပိုးသူများအဖွဲ့ (Technical Core Group) အစည်းအဝေးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပခဲ့ရာ နည်းပညာပံ့ပိုးသူများအဖွဲ့ (TCG) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မဟာဗျူဟာ (၅)နှစ် စီမံကိန်းပါလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR