လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄)
ရက်နေ့မှ (၂၈-၇-၂၀၂၄) ရက်နေ့အထိ သထုံမြို့နယ်၊ စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့်
ဒူးရင်းဆိပ်ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း၍
ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကင်းအောင်ဓမ္မာရုံ၊
ရွာဦးဘုန်းကြီးကျောင်း၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ
အိမ်ထောင်စု (၁၅၀) စုတို့မှ စုစုပေါင်း လူဦးရေ (၆၀၉) ဦးတို့အတွက် (၇)ရက်စာ
ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၂၇၈,၉၀ဝိ/-) ကျပ်အား (၂၉-၇-၂၀၂၄) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင်
သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM