မွန်ပြည်နယ်၊ မော်လမြိုင်မြို့

၂၀၂၁ခုနှစ်၊  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားနှင့်သစ်ပင်စိုက်ပျိုးပွဲကို(၄.၇.၂၀၂၀)ရက်နေ့နံနက်(၉:၀၀)နာရီအချိန်တွင်မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မော်လမြိုင်လူငယ်သင်တန်းကျောင်းဝင်းအတွင်းရှိအထူးပြုစုစောင့်ရှောက်ရန်လိုအပ်သောကလေးများလေ့ကျင့်သင်ကြားရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင်မွန်ပြည်နယ်အမျိုးသမီးကော်မတီဉက္ကဋ္ဌကအမှာစကားပြောကြားခဲ့ပြီး သုံးမြွှာပူးနှင့်အထက်မွေးဖွားသောမိခင်ကလေးထောက်ပံ့ကြေးဆုချီးမြှင့်ခဲ့ပါသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာသောဧည့်သည်တော်များကမြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်အရိပ်ရသစ်ပင်များစိုက်ပျိုးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု

MOS

DSW

DDM

DOR