ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အခြေအနေ

 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် (၁၅-၅-၂၀၂၃)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်ခန့်တွင် မုန်တိုင်းငယ်အဖြစ်အားလျော့သွားပြီး  (၁၄:၀၀)နာရီတွင် တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။

 

မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

NDMC အရေးပေါ်အစည်းအဝေး (၂/၂၀၂၃)အား (၁၄-၅-၂၀၂၃)ရက်နေ့တွင်ကျင်းပဆောင်ရွက်ခြင်း၊

 

ဘေးသင့်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်းနိုင်ငံပိုင်မီဒီယာများမှတဆင့် (၁၅-၅-၂၀၂၃)ရက်နေ့တွင် ကြေညာခြင်း၊

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၂၁၄) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၉၄၅) ဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၀၇) ဖွဲ့ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၉) ဖွဲ့ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဘေးလွတ်ရာကြိုတင်ရွှေ့ပြောင်းမှုအနေဖြင့် 

ရခိုင်ပြည်နယ်တွင် (၅၇၆၅၉၇) ဦး၊ 

ချင်းပြည်နယ်တွင် (၁၅၀၉) ဦး၊

ဧရာဝတီတိုင်းဒေသကြီးတွင် (၂၇၀၈၆၉) ဦးနှင့်

ရခိုင်ပြည်နယ်မှ IDP စခန်းများရှိ လူဦးရေ (၆၃၃၀၂)ဦးတို့အား ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ခြင်း၊ 

 

 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၃၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊ 

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၈၉၇၄) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၂၅၀၇) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၃၆၇) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာနှင့် မြို့နယ် DMC ရုံး(၆)ရုံးတွင် (၃၄၀၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံအဆောက်အများအနေဖြင့် Cyclone Shelter Multi-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် Shelter (၅၄) လုံး စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ ၊ ချင်းပြည်နယ်တွင် Shelter (၆) လုံး စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Shelter (၁၁) လုံး စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့မကွေးတိုင်းဒေသကြီးတွင် Shelter (၃) လုံး စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် Shelter (၁၁၈)လုံး စုစုပေါင်လူဦးရေ (၈၄၆၈၅)ဆံ့ ထားရှိခြင်း

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၅၄၂)လိပ် မိုးကာတဲ (၅၀၉)လုံး၊ Fiber Boat (၅၂)စီး၊ Life Jacket (၇၂၅၀) ခု၊ ချင်းပြည်နယ်တွင် တာပေါ်လင်() လိပ်၊ Fiber Boat (၆)စီး၊ Life Jacket (၄၂) ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တာပေါ်လင်(၁)လိပ်၊ မိုးကာတဲ (၂၁၂)လုံး၊ Fiber Boat (၇၉)စီး၊ Life Jacket (၂၆၁၉) ခုထားရှိခြင်းနှင့် ခေါက်ဆွဲခြောက် (၁၅၇၈၃၀)ထုပ် တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ဆေးပစ္စည်းကြိုတင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် Disaster Medical Kit (၁၁၂)ပုံး၊ ကလိုရင်း (၉၄)ပုံး၊ ရေသန့်ဆေးပြား (၁၂၀၄၀၀၀)ပြား၊ Interagency Emergency Health Kit (၁၀၅)ပုံး၊ ချင်းပြည်နယ်တွင် Disaster Medical Kit (၈၀)ပုံး၊ ကလိုရင်း (၃၂)ပုံး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Disaster Medical Kit (၅၂)ပုံး၊ ကလိုရင်း (၇၁)ပုံး၊ ရေသန့်ဆေးပြား (၁၅၃၃၈၅)ပြား၊ Interagency Emergency Health Kit (၄၄)ပုံး၊ မကွေးတိုင်းဒေသကြီးတွင် Disaster Medical Kit (၁၄၀)ပုံး၊ ကလိုရင်း (၁၄၅)ပုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် Disaster Medical Kit (၅၄၉)ပုံး၊ ကလိုရင်း (၁၅၄)ပုံး၊ ရေသန့်ဆေးပြား (၁၀၁၃၉၄၀)ပြား၊ Interagency Emergency Health Kit (၄၁)ပုံး ပြင်ဆင်ထားရှိခြင်း၊

 

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၂)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့၊ ပဲခူးတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

သေဆုံး  -  ၂၁ ဦး

ဒဏ်ရာရ  -  ၂၇ ဦး

နေအိမ်ပျက်စီး  -  ၁၉၅၀ လုံး

စာသင်ကျောင်း  -  ၈၀ လုံး

လျှပ်စစ်မီးတိုင်/တာဝါတိုင် -  ၂၃၁ ခု

အဆောက်အဦ  -  ၄၂၇ လုံး

လမ်း/တံတား  -  ၁၃ ခု

စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်(၈၅၄.၃)သန်းခန့်၊

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဆုံးရှုံးမှုတန်ဖိုးကျပ် (၁၁၆၇.၆၆)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR