လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဦးဆောင်သောပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြသည့် အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြပါသည်။

ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးက  ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်သည်မြန်မာနိုင်ငံသို့ ၂၀၁၇ခုနှစ်တွင်လာရောက်ခဲ့သည့်ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် Ms. Pramila Patten ၏ခရီးစဉ်နောက်ပိုင်းစတင်ခဲ့သည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ယင်းနောက်အမျိုးသားအဆင့်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနော်သဝါးက  ၂၀၁၉ ခုနှစ်မှ စတင်ကာပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းပြီးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုရေးဆွဲခဲ့ပါကြောင်း ၂၀၂၁-၂၀၂၂ လုပ်ငန်းစီမံချက် ကာလကို ၁၀.၁၁.၂၀၂၁ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့ထိပထမသက်တမ်းအဖြစ် တစ်နှစ်တာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၀.၁၁.၂၀၂၂ ရက်နေ့မှ ၁၀.၁၁.၂၀၂၃ ရက်နေ့ထိဒုတိယသက်တမ်းတိုး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုအပေါ်လမ်းညွှန်မှုများပြုလုပ်ခဲ့ကာ  အစည်းအဝေးကို (၁၅:၃၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နေပြည်တော်အတွင်းရှိသက်ကြီးဘိုးဘွားများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားနှင့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး ယာယီတာဝန်ခံ/ သံအမတ်အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံခြင်းနှင့်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ(၁/၂၀၂၃)အစည်းအဝေးသို့တက်ရောက်ခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းNSPAW Phase II (၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက်ရေးဆွဲထားသည့်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. MarcoluigiCorsiအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ကမ်းပါးနိမ့်ကျမှုကာကွယ်ရေးလုပ်ငန်းနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနငယ်များသို့သွား‌ရောက်ကြည့်ရှုခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းနှင့် ချောင်းသာမြို့နယ် School CumShelterသို့သွား‌ရောက်ကြည့်ရှုခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မူလတန်းကြိုကျောင်း၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် ဘိုးဘွားရိပ်သာသို့သွားရောက်စစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagiက လာရောက်တွေ့ဆုံခြင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR