လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၆-၂၀၂၄) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ဘားအံမြို့၊ အ.ထ.က(နောင်ကမြိုင်) ကျောင်း၌ ဆရာ/မ (၁၀)ဦးနှင့် ကျောင်းသား/သူ (၁၆၈)ဦး၊ စုစုပေါင်း (၁၇၈) ဦးတို့အား အသိပညာ​ပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက် များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြော ခဲ့ပြီး ဘေး(၉)မျိုးနှင့်စပ်လျဉ်းသည့် အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊  ကျောင်းစာကြည့်တိုက်၌ မုန်တိုင်းဘေး (တိုင်းရင်းသားဘာသာစကား) လက်ကမ်းစာစောင် (၁၀၀)စောင်ထားရှိနိုင်ရေး ပေးအပ်ခြင်း၊ ​ကျောင်းဝန်းအတွင်း၌  လေပြင်းဘေး  (၄x၅) ပေရှိ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

 

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR