ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ နယ်မြေ (၅) လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
၁၇ ဇူလိုင် ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ (၅)၌
(၁၃-၇-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ
(၂၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၄,၇၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄,၇၀၀/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၁၅-၇-၂၀၂၃) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌
ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM