လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်း များတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်ထည့်သွင်းပို့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ဥက္ကဌ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြည်ထောင်စုရာထူး ဝန်အဖွဲ့မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။


ဖွင့်ပွဲအခမ်းအနားတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး တွင် ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်လိုက်လျောညီထွေစွာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့၌ ဖွင့်လှစ်လျက်ရှိသည့်သင်တန်းများတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ကို ထပ်တိုးပို့ချနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ပြုစုအသုံးပြုနေသည့် သင်ရိုးညွှန်းတမ်း၏ မူလဦးတည်ချက်နှင့် လိုက်လျောညီထွေရှိစေရေး၊ နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းပံ့ပိုး ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်ချမှတ်ထားရှိ သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အညီသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်သည့် အားလျော်စွာဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်အနေဖြင့် ပြည်သူလူထုအခြေပြုသင်တန်းများ ဖွင့်လှစ်ခြင်း၊ သဘာဝဘေးအသိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊  အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာများစိုက်ထူခြင်းစသည့် အသိပညာပေး လုပ်ငန်းများနှင့် ဟင်္သာတမြို့တွင်ဖွင့်လှစ်ထားရှိသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင်လည်း သင်တန်းကျောင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံသင်တန်းနှင့် နည်းပြသင်တန်းများအား ဖွင့်လှစ်လျက်ရှိပြီး အစိုးရဌာနများမှ ဝန်ထမ်းများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုအတွင်းမှ စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ကာသင်တန်းတက်ရောက်စေပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများကို သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် အခြားဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများတွင် လည်းသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်အား ပို့ချပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ပို့ချချက်များဆောင်ရွက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းများအား နိုင်ငံတကာစံချိန်စံနှုန်းများ၊ မူဘောင်များနှင့် လိုက်လျောညီထွေဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ သင်တန်းသား/သူများကို သဘာဝဘေးအသိပညာများ ဆက်လက်ဖြန့်ဝေ နိုင်ရန် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ဆည်းပူးရရှိတဲ့ ပညာဗဟုသုတများကို မှတ်သားကာ ဘေးဒါဏ်ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာစေရေး ရှေးရှုဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသွားပါသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ ဦးသန်းဆွေက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပေးသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားများစွာ ကျေးဇူးတင်ရှိပါကြောင်း၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီး ဌာနအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက် ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့တွင် သင်တန်းများခေါ်ယူကာ လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်းဦးရေ (၇)သန်းခန့် ရှိရာ မြန်မာနိုင်ငံလူဦးရေ၏ (၂) ရာခိုင်နှုန်းဖြစ်ပါကြောင်း၊  အဆိုပါဝန်ထမ်းများ၏ ခံယူချက်၊ စွမ်းဆောင်ရည်နှင့် ဗဟုသုတများ မြင့်မားလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် လုပ်ငန်းပိုင်းဆိုင်ရာသိသည့် သိထိုက်သည် များသာမက ပို့ချမှုများဆောင်ရွက်ရန် ပြင်ဆင်နေပါကြောင်း၊ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် သင်တန်းများခေတ္တရပ်နားခဲ့ရသော်လည်း COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်တန်းများပြန်လည်ဖွင့်လှစ်သွားရန် ဆောင်ရွက်နေကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်အားထည့်သွင်းပို့ချနိုင်ခြင်းဖြင့် အုပ်ချုပ်ရေး ယန္တရားတွင်ပါဝင်သည့်ဝန်ထမ်းများ သဘာဝဘေးအသိတိုးတက်ကာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း ကူညီလိုစိတ်ဖြင့် ပြည်သူများအတွက် ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ခံယူချက်၊ ကျွမ်းကျင်မှု၊ အသိပညာ၊ မျှော်မြင်တက်မှုနှင့် စိတ်သဘောထားတို့ တိုးတက်ကောင်းမွန်ခြင်းဖြင့် ပြည်သူများကိုဝန်ဆောင်မှုများပေးရာတွင် အထောက်အကူပြု စေမည်ဖြစ်ပါကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဉက္ကဌတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက် ကူးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။          အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား (၃-၆-၂၀၂၁)ရက်နေ့မှ (၄-၆-၂၀၂၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲပြီးဆုံးချိန်တွင် ဗဟိုဝန်ထမ်း တက္ကသိုလ် များရှိ သင်တန်းများသို့ တက်ရောက်ကြမည့် နိုင်ငံ့ဝန်ထမ်းများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR