လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၃)ရက်နေ့၊(၀၉:၃၀)အချိန်မှ (၁၁:၃၀)အချိန်ထိပုဗ္ဗသီရိမြို့နယ်၊အ.ထ.က-ခွဲ(ကျောင်းကုန်း) စာသင်ကျောင်း၌ကျောင်းသား/ သူ (၄၅၀)ဦးနှင့် (၁၃:၀၀)အချိန်မှ (၁၄:၃၀)နာရီအချိန်ထိအထ.က-ခွဲ(ညောင်လူး)စာသင်ကျောင်း၌ကျောင်းသား/ သူ(၂၀၀)ဦးစုစုပေါင်းကျောင်းသား/သူ (၆၅၀)ဦးတို့အားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ဆောင်ရန်/ ရှောင်ရန်အချက်များအားသိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက်သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါဟောပြောပွဲတွင်သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ဗီနိုင်း ပိုစတာများပေးအပ်ခြင်း၊ဘောလ်ပင်၊ ခဲတံနှင့်ဗလာစာအုပ်များဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source:DDM