လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁၂-၂၀၂၁) ရက်နေ့၌  တောင်ငူမြို့နယ်အဆင့် ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Simulation Exercise In Taungoo) ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ ဥက္ကဌနှင့် မြို့နယ်စီမံရေးအဖွဲ့ အဖွဲ့ဝင် ၁  တို့မှ အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းကို တပ်မတော်၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း (၄၅) ဦး တက်ရောက် ဆောင်ရွက်ခဲ့ကြပါသည်။  ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းတွင် တောင်ငူမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းအဖွဲ့အသီးသီးတို့မှ ငလျင်ဘေးကျရောက်ချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဖော်ထုတ်ဆွေးနွေးခြင်းကို လည်းကောင်း၊ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်၍ လုပ်ငန်းအဖွဲ့ အသီးသီး တို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အားသာချက်၊ အားနည်း ချက်၊ လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 


Source: DDM


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR