အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းNSPAW Phase II ရေးဆွဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ(၁၆:၀၀)နာရီတွင် နေပြည်တော်ရှိ Aureum Palace Hotel, Lake View Hall ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေး ဦးဆောင်ကော်မတီဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဉက္ကဋ္ဌများဖြစ်သည့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့်သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သောပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုတိယဉက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဉက္ကဋ္ဌအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်အနေဖြင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီးကျား၊မတန်းတူညီမျှတဲ့ အနာဂတ်ကိုဖော်ဆောင်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံမှာ၂၀၁၉ခုနှစ်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအနှစ်ချုပ်အစီရင်ခံစာအရ အမျိုးသမီးက၅၃.၂ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ကုလသမဂ္ဂကထုတ်ပြန်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDG)ပန်းတိုင်အမှတ်(၅) ဖြစ်သည့်ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးများနဲ့အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးတို့ကိုဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW)(၂၀၁၃-၂၀၂၂)(Phase 1)ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရေးဆွဲခဲ့ပါကြောင်း၊အဆိုပါမဟာဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ခုနှစ်မှာစီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်ကာစီမံကိန်း၏အားသာချက်၊အားနည်းချက်များအပေါ် လေ့လာသုံးသပ်ထားပြီးအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (Phase 2)ကိုဆက်လက်ရေးဆွဲနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအားကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များသည်  cross-cutting issue ဖြစ်တဲ့အတွက် မဟာဗျူဟာစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရာမှာသက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအလိုက် ဆက်စပ်ဝန်ကြီးဌာနများ၏လုပ်ငန်းစီမံကိန်းများနှင့်ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတိုက်တွန်းပြောကြားလိုပါကြောင်းပြောကြားခဲ့ပါသည်။

အစီအစဉ်အရလူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း Phase 2 ရေးဆွဲရေးနှင့်စပ်လျဉ်း၍လုပ်ငန်းအစီအစဉ်များရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသောဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များကအကြံပြုဆွေးနွေးခဲ့ကြကာပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR