၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို (၃-၁၂-၂၀၂၃) ရက်နေ့ နံနက် (၁၀) နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်း ဗဟိုဌာန - ၂ (MICC-II) ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့အဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလျက် ရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့်လည်း၁၉၉၄ခုနှစ်မှစ၍ အစဉ်အလာမပျက်ကျင်းပခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့၏ ဦးတည်ဆောင်ပုဒ် အနေဖြင့် “United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ချက်ကို (၂၀၂၅) ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ထားခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင့် နည်းဥပဒေ များကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အသီးသီးပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းထားရှိ ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း ၂၀၂၂ - ၂၀၂၇ ကို အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မဟာဗျူဟာအခန်း တစ်ခုချင်းစီအလိုက် လေ့လာကြည့်ပါက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့် ချိတ်ဆက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မဟာဗျူဟာ (၅) နှစ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များရရှိစေရေး ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မသန်စွမ်းမှု ကို အကြောင်းပြုပြီး ချန်လှပ်ထားခြင်းမရှိစေဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ မကျန်ရစ်စေရေး Leaving no on behind မူကိုလက်ကိုင်ထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်တိုက်တွန်း ပါကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သည့် သဝဏ်လွှာ ဗီဒီယိုနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်း တို့ကို ပြသခဲ့ပြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းဟန်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများကို မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း၊ မသန်စွမ်း သူများ အတားအဆီးမဲ့ ခရီးသွားလာနိုင်မှု ဂုဏ်ပြုဆုရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကလည်း ကောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး ဂုဏ်ပြုဆု ရရှိသူကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

          ဆက်လက်၍ နားမကြားသောကလေးများကျောင်း (မန္တလေး) မှ မသန်စွမ်း ကလေးများက အီနောင်အကဖြင့်လည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်)မှ မသန်စွမ်းကလေးများက ဦးရွှေရိုးနှင့် ဒေါ်မိုး အကဖြင့်လည်းကောင်း ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။

မြန့်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမို ဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိစေရေး ကြိုးပမ်း ဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးဂရုပြု တတ်စေရန် စသည့်ရည်ရွယ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်း  အမှတ် ခမ်းအနားများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ ၁၉၉၄ ခုနှစ် မှစ၍နှစ်စဉ်ကျင်းပလာခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အကြိမ် (၃၀) ပြည့်မြောက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR