လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ မကျီးပင်ကွင်းကျေးရွာတွင် (၂၆-၃- ၂၀၂၄) နေ့ဖြစ်ပွားသော မီးလောင်မှုကြောင့် လုံးဝလောင်ကျွမ်းပျက်စီးခဲ့သောလူ နေအိမ်ခြေ (ဝါး-၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ဝိ/-) နှင့် အိမ်‌ထောင်စု (၇)စုမှလူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၄၈၃၀ဝိ/-) သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/-)၊ ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀၀၀၀/-)စုစု​ပေါင်း ထောက်ပံ့ရန်ပုံ ငွေကျပ်(၁၀၉၈၃၀၀/-) ၊ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၇)အိမ်ထောင်စာတန်ဖိုးငွေကျပ် (၃၆၃၁၂၃)၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုးကျပ် (၁၄၆၁၄၂၃)နှင့် စက္ကူပုံး(၇) ပုံးတို့ကို (၁၂-၄-၂၀၂၄) နေ့၊ (၁၀:၀၀)အချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်(၁)နှင့် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:    DDM

 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR