(၃၀-၇-၂၀၂၁) ရက်နေ့မှ (၇-၈-၂၀၂၁) ရက်နေ့အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာအုပ်စုတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂)ခုသို့ ရွှေ့ပြောင်းခဲ့ရသည့် ထပ်တိုးအိမ်ထောင်စု (၃၃) စုမှ လူဦးရေ(၁၃၇)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၇,၇၀ဝ) ကျပ်အား (၉-၈-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်ခန့်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဒူးရင်းဆိပ်ကျေးရွာ အ.ထ.က(ခွဲ) ဒူးရင်းဆိပ်၌ ​ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

MOS

DSW

DDM

DOR