လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ သဲ​ဖြူကုန်း ကျေးရွာအုပ်စုရဲပြားကုန်းကျေးရွာ၌ (၂၆-၅-၂၀၂၂)ရက်နေ့(၁၇း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ​လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၂,၀၀၀/)၊ စုစုပေါင်းလူဦးရေ (၂) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၆,၂၀၀/-)ကျပ်တို့အား (၂၇-၅-၂၀၂၁) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ပေါင်​မြို့​နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR