လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချက်၊ ဝဲကြီး၊ ရုံးပင်ဇောင်း၊ သာယာကုန်း၊ ရွာသစ်ကြီး၊ စည်ပင်သာယာ၊ ကျည်တောင်ခေါမ၊ သဲကျွန်း၊ မွန်းတည့်ခွင်၊ တံတားဦး၊ ခါးပြတ် ကျေးရွာများ၌ ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR