လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာရပ်ကွက် ဒေသခေါ် (၁မိုင်ခွဲ)ကျေးရွာတွင် (၂-၅-၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုင်းနင်းဘေးသင့် ဒဏ်ရာရပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) အား (၁၆-၅-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင် ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: DDM