ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိအိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းခေါင်မိုးမိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် မျက်နှာကျက်လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေများ၊ စစ်တွေမြို့ မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်ပြီးကလေးငယ် (၁၀၀) ဦးလက်ခံသင်ကြားနေမှုအခြေအနေများ၊ One Stop Women Support Centre (OSWSC) တွင် ဖွင့်လှစ်ထားမှုအခြေအနေများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးပြန်လည်ပြင်ဆင်ထားမှုအခြေအနေများကိုကြည့်ရူစစ်ဆေးခဲ့ရာပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသခဲ့ပြီးပြည်ထောင်စုဝန်ကြီးကသန့်ရှင်းရေးအထူးဂရုပြုဆောင်ရွက်ရန်၊ Site Cleaning လုပ်ငန်းများအားစနစ်တကျကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံစုရပ်ကွက်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်သိုလှောင်ရုံ(ယာယီ) ပြန်လည်ပြင်ဆင်ထားရှိမှုအခြေအနေများကိုသွားရောက်ကြည့်ရူစစ်ဆေးခဲ့ရာပြည်နယ်ဦးစီးမှူးနှင့် လုပ်ငန်းတာဝန်ခံတို့ကခေါင်မိုးလုပ်ငန်းပြီးစီးမှုနှင့် မျက်နှာကျက်လုပ်ငန်းဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းများ  အမြန်ပြီးစီးရေး Site Cleaning လုပ်ငန်းများအားဂရုပြုကြပ်မတ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR