ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိအိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းခေါင်မိုးမိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် မျက်နှာကျက်လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေများ၊ စစ်တွေမြို့ မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်ပြီးကလေးငယ် (၁၀၀) ဦးလက်ခံသင်ကြားနေမှုအခြေအနေများ၊ One Stop Women Support Centre (OSWSC) တွင် ဖွင့်လှစ်ထားမှုအခြေအနေများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးပြန်လည်ပြင်ဆင်ထားမှုအခြေအနေများကိုကြည့်ရူစစ်ဆေးခဲ့ရာပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသခဲ့ပြီးပြည်ထောင်စုဝန်ကြီးကသန့်ရှင်းရေးအထူးဂရုပြုဆောင်ရွက်ရန်၊ Site Cleaning လုပ်ငန်းများအားစနစ်တကျကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံစုရပ်ကွက်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်သိုလှောင်ရုံ(ယာယီ) ပြန်လည်ပြင်ဆင်ထားရှိမှုအခြေအနေများကိုသွားရောက်ကြည့်ရူစစ်ဆေးခဲ့ရာပြည်နယ်ဦးစီးမှူးနှင့် လုပ်ငန်းတာဝန်ခံတို့ကခေါင်မိုးလုပ်ငန်းပြီးစီးမှုနှင့် မျက်နှာကျက်လုပ်ငန်းဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းများ  အမြန်ပြီးစီးရေး Site Cleaning လုပ်ငန်းများအားဂရုပြုကြပ်မတ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR