ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး၊ အစည်းအဝေးခန်းမတွင် မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ဆရာဖြစ်သင်တန်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ရှမ်းပြည်နယ်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌနှင့် မသန်စွမ်းသူများ၊ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြပါသည်။

ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အနေဖြင့် မသန်စွမ်းသူဦးရေ လေးသိန်းတစ်သောင်းကျော်ရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ကနဦးစီမံကိန်းနယ်မြေ လေးခုတွင် တစ်ခုအဖြစ် ပါဝင်ခြင်းဖြစ်သည့်အတွက် ဟိုပုံးမြို့နယ်မှ မသန်စွမ်းသူများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာမည်ဖြစ်သဖြင့် ဝမ်းမြောက်ရမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းမှတ်ပုံတင် ကြီးကြပ်ရေးမှူးများအနေဖြင့် မသန်စွမ်းသူများ မှတ်ပုံတင်လျှောက်ထားနိုင်ရေး မိမိရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သော အချက်အလက်များ ရရှိစေရေးအတွက် မေးခွန်းလွှာများစိစစ်ခြင်းနှင့် အကဲဖြတ်ခြင်းများတွင် ဂရုတစိုက် ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုအမျိုးအစား၊ မသန်စွမ်းမှု အခြေအနေတို့နှင့် ကိုက်ညီသည့် စစ်မှန်သော အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သဖြင့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးများအနေဖြင့် မသန်စွမ်းသူများ မှတ်ပုံတင်လက်မှတ် ရရှိသည်အထိ လုပ်ငန်းစဉ်အစ၊ အဆုံး အစဉ်တစိုက် ပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

သင်တန်းတွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း(UNCRPD)၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းအဆင့်ဆင့်၊ မသန်စွမ်းမှုစိစစ်ရန်အတွက် ပြုစုထားရှိသည့် အသက်အရွယ်အလိုက်မေးခွန်းလွှာ (၅) စုံတို့ကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဟိုပုံး မြို့နယ်အပါအဝင် ကနဦးစီမံကိန်းနယ်မြေ (၄) ခုတွင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိသူများအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေပါ အခွင့်အရေးနှင့် အကာအကွယ်များကို ရရှိကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR