(၆)လတာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပေါ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များမှ သိသင့်သိထိုက်သည့်အချက်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးစီးဌာန(ရုံးချုပ်)များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများအား ထပ်ဆင့်အသိပေးရှင်းလင်းခြင်းအစီအစဉ်ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ  ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်) များမှ ညွှန်ကြားရေးမှူးများမှ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင်တက်ရောက်သည့်ပုံစံဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိ များက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ယခုအစည်းအဝေးတွင် ဦးစီးဌာနအလိုက် လုပ်ငန်းတာဝန်များကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်အဆင့်အထိ တာဝန်ခံပုဂ္ဂိုလ်များတက်ရောက်သည့်အတွက် နိုင်ငံတော်မှ လက်ရှိမူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်ရန်နှင့် မိမိတို့ ဒေသအသီးသီးတွင် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ပေးအပ်လာသောတာဝန်များကို အပြည့်အဝအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုလို မှာကြားရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအနေဖြင့် လုံခြုံမှုရှိရန်အတွက် ပတ်ဝန်းကျင်အခြေအနေကို အမြဲဂရုပြုလေ့လာ နေရန်လိုပါကြောင်း၊ လုံခြုံရေးကိစ္စတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သလို ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးတာဝန်သိဖို့လိုအပ်တာကို မှာကြားလိုပါကြောင်း၊ ကျန်းမာရေးပိုင်းအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုများရှိနေဆဲဖြစ်သည့်အတွက် Mask တပ်ကြရန်နှင့် ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်သည့်နေရာတွင်ကျရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် မိသားစုများအနေဖြင့် လည်း နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့သည့်ရက်မှ (၆)လပြည့်သည်နှင့် Booster Dose ထပ်မံထိုးနှံသွားကြရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ သုံးစွဲမှုနှင့်ပတ်သက်၍ တင်ဒါခေါ်ယူခြင်းနှင့် Quotation ကောက်ယူသည့်နေရာများတွင် မှန်မှန်ကန်ကန်ဖြစ်စေရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဖွဲ့စည်းဆောင်ရွက်ကြစေရေးနှင့် လက်ရှိ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်သည့်နေရာတွင် ယနေ့ အချိန်အထိ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ အမြန်ဆုံးစတင်နိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် မိမိတို့ဌာနဘက်မှ ပေါ့လျော့အားနည်းမှုများ မဖြစ်စေရေး ကြပ်မတ်သွားကြရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်မရွေးကျရောက်နိုင်တာ ဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ရုတ်တရက်မိုးများလာသည့်အခါ ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဆယ်တင်နိုင်ရေး အခါအားလျော်စွာ လူထုအားနှင့်လှုံ့ဆော်ပြီး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ မိမိတို့ဌာနဝန်ထမ်းများ အနေဖြင့်လည်း စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် ထပ်ဆင့်အသိပေးမှာကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း‌ဆောင်ရွက်ခြင်း၊ ထောက်ပံ့ခြင်း၊ နည်းပညာပံ့ပိုး ကူညီခြင်းများကို ဆောင်ရွက်သည်ဖြစ်ရာ  ပရဟိတဂေဟာ/ ရိပ်သာများတွင် လက်ခံစောင့်ရှောက်ထားသည့် ထိခိုက်လွယ်အုပ်စုဝင်များ၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး၊ အနိမ့်ဆုံးရှိရမည့် စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီစေရေး၊ မြေနေရာပိုင်ဆိုင်မှုအပါအဝင် ခွင့်ပြုချက်မရှိဘဲ တည်ထောင်လည်ပတ်နေသည့် ဖြစ်စဉ်များကို သတ်မှတ်ချက်များနှင့်ညီညွတ်စေရေး တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက်အရ ထောက်ပံ့မှုများ ဆောင်ရွက်သည့်နေရာတွင် အမြန်ဆုံးနှင့် အမှန်ဆုံးဆောင်ရွက်နိုင်ရမှာဖြစ်သည့်အပြင် ကာလအပိုင်းအခြားအလိုက် ထောက်ပံ့ထားရှိမှု၊ သိုလှောင်ပစ္စည်း လက်ကျန်အခြေအနေများကို ကိန်းဂဏန်း အချက်အလက်တိကျစွာဖြင့် အချိန်နှင့်တပြေးညီ ထုတ်နုတ်စိစစ်တင်ပြနိုင်ရန် အရေးကြီးပါကြောင်း၊ အရေးပေါ်အခြေအနေတွင် အုပ်ချုပ်ကွပ်ကဲမှုနှင့် ဆက်သွယ်မှုသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် လက်ရှိအသုံးပြုနေသည့် Single-Side Band ဆက်သွယ်ရေးစက်များ၏ အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး ဦးစားပေးနှင့် အရံနည်းလမ်းများ စီစဉ်ထားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနနှင့် MOU, LOA ရေးထိုးထားသည့် INGO, NGO အဖွဲ့အစည်း များအပေါ်တွင် ဝန်ကြီးဌာနအနေဖြင့် တာဝန်ခံရမှာ ဖြစ်သည့်အတွက် ဆက်စပ်ဌာနများ၊ အစိုးရအဖွဲ့များနှင့် မပြတ်ထိတွေ့ဆောင်ရွက်ကာ ၎င်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မြေပြင်တွင်လက်တွေ့ပူးပေါင်းဆောင်ရွက်နေသည့် ရုံးဌာနတာဝန်ရှိသူများအနေဖြင့်သိရှိပြီး အဆင့်ဆင့်အသိပေးတင်ပြနေရမှာဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ အနေဖြင့် မြေနေရာ အဆင်ပြေသည့်နေရာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အားပေးကူညီသွားမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံသားတစ်ဦးချင်းစီ၏ အသုံးကျမှုကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည့်အတွက် မိမိတို့ဌာနဝန်ထမ်းများ အနေဖြင့်လည်း ကျရာတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အောင်မြင်အောင် ‌ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများရှိနေသည်ဖြစ်ရာ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် အသင့်ရှိနေသည့်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဌာနမှဆောင်ရွက်လျက်ရှိသော Quick Win Project များအနက် အကောင် အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည့် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(၂၀၂၂)ရေးဆွဲခြင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ရေးဆွဲအတည်ပြုခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် အနိမ့်ဆုံးရှိရမည့် စံသတ်မှတ်ချက်များရေးဆွဲမည့်စီမံချက်များ ရေးဆွဲခဲ့မှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းတိုးတက်မှု အခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့် အချက်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ညနေပိုင်းတွင်အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR