ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင် (၂.၁၁.၂၀၂၂) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိကျင်းပပြုလုပ်သည့် 2022 ASEAN-ICT Forum on Child Online Protection သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်မေနုနှင့်ကိုယ်စားလှယ်(၁) ဦးပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ အာဆီယံနိုင်ငံများမှ ASEAN Senior Officials Meeting on Social Welfare and Development (SOMSWD) နှင့် The ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC) ဆိုင်ရာကိုယ်စားလှယ်များ၊ UNICEF East Asia and the Pacific Regional Office မှတာဝန်ရှိသူများ၊ တက္ကသိုလ်များမှပညာရှင်များ၊ဒေသတွင်းနှင့်နိုင်ငံတကာမှ IT ပညာရှင်များ၊ နည်းပညာအသုံးပြုသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက In-person နှင့် Online တို့ဖြင့်ပါဝင်တက်ရောက်ကြပါသည်။

ဖိုရမ်တွင်ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများမှ Child Online Protection ဆိုင်ရာဆောင်ရွက်မှုအတွေ့အကြုံများ၊ UNICEF မှတာဝန်ရှိသူများကကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာစံနှုန်းများ၊စီမံချက်များ၊ တက္ကသိုလ်များမှပညာရှင်များ၊ဒေသတွင်းနှင့်နိုင်ငံတကာမှ IT ပညာရှင်များ၊ နည်းပညာအသုံးပြုသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက Child Online Protectionနှင့်ပတ်သက်၍ကျင့်သုံးနေသည့်မူဝါဒများ၊ လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

2022 ASEAN-ICT Forum on Child Online Protection သို့ပါဝင်တက်ရောက်ခြင်းဖြင့် Child Online Protection ဆိုင်ရာအာဆီယံနိုင်ငံများမှဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များ Online အသုံးပြုရာတွင်ရရှိနိုင်သည့်ဆိုးကျိုးများနှင့် Online အသုံးပြု၍ကလေးသူငယ်များကိုကာကွယ်စောင့်ရှောက်မှုအစီအစဉ်များကိုလေ့လာသိရှိခြင်း၊ နိုင်ငံအတွင်းလိုက်နာကျင့်သုံးခြင်းဖြင့် Online အသုံးပြု၍ ကလေးသူငယ်များအပေါ်အလွဲသုံးခြင်းများမှ ကလေးသူငယ်များအားကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR