မုန်တိုင်ဘေး၊ လေပြင်းဘေးတို့နှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုနှင့် လေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
၁၉ မေ ၂၀၂၃
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမ၌ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား
ပြည်သူများသိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်းနှင့် မုန်တိုင်ဘေး၊ လေပြင်းဘေးတို့နှင့်ပတ်သက်၍
ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး
တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံး ကျေးရွာအုပ်စု၊ မရမ်းကျေးရွာအုပ်စု၊
တော်ခရမ်းလေးကျေးရွာအုပ်စုနှင့် တော်ခရမ်းအနောက်ကျေးရွာ အုပ်စုတို့၌ (၁၄-၅-၂၀၂၃)
ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြောင်းရွေ့နေထိုင်သူ
အိမ်ထောင်စု (၃၂၃) စု၊ လူဦးရေ (၈၀၈)ဦး၊ ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ်
(၅)လုံး ၊ စုစုပေါင်း နေအိမ်(၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ
( ၅၁၅,၀၀ဝ/ )၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၇၆၆,၁၀ဝ/ )၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၈၁,၁၀ဝ/-)ကျပ်နှင့်၊
ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃)စုစာ၊ ပစ္စည်းတန်ဖိုး(၁၃၉,၀၉၂/)နှင့် ကိုဗစ်တီရှပ်
(၆) ထည်တို့အား (၁၉-၅-၂၀၂၃)ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM