လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ မာလာကုန်းလမ်းဆုံအနီး၌ (၄-၁၁-၂၀၂၃)ရက်နေ့ (၁၉:၁၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရရှိသူ(၄)ဦးအနက် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁)ဦးလျှင် (၅၀,၀၀ဝ/-)ကျပ်ဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)ကျပ်တို့အား (၅-၁၁-၂၀၂၃)ရက်နေ့ (၁၇:၂၅)နာရီအချိန်၌ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န် ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဘေးသင့်မိသားစု၀င်များလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM