ဖွင့်ပွဲအခမ်းအနားအား (..၂၀၂၁) ရက်နေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် စခန်းရှိ ခန်းမဆောင်တွင်ကျင်းပရာ  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်/လူကုန်ကူးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အောင်မြေသာဇံမြို့နယ် စီမံ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ပူးပေါင်းမှုဖြင့် ဝိုင်းဝန်ဆောင်ရွက်လိုပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆရာကိုင်လက်စွဲ စာအုပ်အား  ပြုစုထားပြီးဖြစ်ပါကြောင်း၊  သင်တန်းသားများအနေဖြင့် မိမိ၏စိတ်သာလျှင် အဓိက ဖြစ်ပါကြောင်း၊ ရှေ့ဆက်လျှောက်လှမ်းရမည့် လူ့ဘဝခရီးအတွက် မူးယစ်ဆေး ကြောင့် မနစ်မွန်းစေချင်ကြောင်း၊ ဘဝတိုးတက်အောင်မြင်အောင် ကြိုးစားကြစေလိုပါ ကြောင်းပြောကြားခဲ့ပါသည်။ မန္တလေးတိုင်း ဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးဇော်မင်းက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အား တတ်အားသ၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများ နေဖြင့်လည်း မိမိစိတ်ကို နိုင်အောင်ချုပ်တည်းပြီး တိုးတက်ကောင်းမွန်အောင် နေထိုင်သွားကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။


          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ရုံးချုပ်)၊ မူးယစ်/ လူကုန်ကူးဌာနခွဲမှ ညွှန်ကြားရေးမှူး၊  လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူ များ၊ အောင်မြေသာဇံမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း(မန္တလေး)မှ အရာထမ်း၊ အမှုထမ်းများ၊ ယာယီလက်ခံစောင့် ရှောက်ရေးဂေဟာမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံစေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး အသင်း(ဗဟို)ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁-၆-၂၀၂၁) မှ (၂၉-၈-၂၀၂၁) ရက်နေ့အထိ ရက်ပေါင်း (၉၀) ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR