လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ၂၆-၁၁-၂၀၂၂ ရက်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ အခြေစိုက်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပရဟိဂေဟာများမှ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံခဲ့ပါသည်။ ထို့သို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့်လည်း လူမှုအသိုက်အဝန်းရှိ ထိခိုက်လွယ်အုပ်စုများကို ကူညီစောင့်ရှောက်ပေးနေသည့်အတွက် ကျေးဇူးတင်အသိ အမှတ်ပြုပါကြောင်း၊ ဝန်ကြီးဌာနနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်ခဲ့သော သာဓကကောင်းများရှိခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် မသန်စွမ်းသူများ မှတ်ပုံတင်ရေးလုပ်ငန်းတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အဖွဲ့အစည်း အလိုက်ဆောင်ရွက်လျက်ရှိသော ပရဟိတလုပ်ငန်းများအား ရှင်းလင်းခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင် မည့်အခြေအနေများနှင့် လိုအပ်ချက်အခက်အခဲများကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

          အလားတူ ၂၇-၁၁-၂၀၂၂ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တရာဇိန္ဒသီရိ အား ဖူးမျှော်ကြည်ညိုကာ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များအား လျှောက်ထားကာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကာ ကျောင်းတိုက်ရှိ ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများအားတွေ့ဆုံအားပေးခဲ့ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မသန်စွမ်းသူများ မှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း Pilot Project အဖြစ် ဟိုပုံးမြို့နယ်တွင် ဆောင်ရွက်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က တက်ရောက်လာသည့် မသန်စွမ်းသူများအတွက် မသန်စွမ်းမှတ်ပုံတင်လက်မှတ်များနှင့် ထောက်ပံ့ကြေးငွေများပေးအပ်ခဲ့ကြပြီး တစ်ဦးလျှင် (၃၀,၀၀၀/-)ကျပ်နှုန်းဖြင့် ဟိုပုံးမြို့နယ်အတွင်းရှိ မသန်စွမ်းသူစုစုပေါင်း(၁၀၀)ဦးအတွက် ထောက်ပံ့ကြေး ငွေကျပ်(,၀၀၀,၀၀၀/-)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး လိုက်ပါလျက် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူးပရဟိတကျောင်းသို့ ရောက်ရှိရာ ဂေဟာအုပ်ချုပ်ရေးမှူးက မသန်စွမ်းနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ထို့နောက် အဆိုပါ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ဒုတိယအဆင့်ဖြစ်သည့် အဆိုပါ ပရဟိတကျောင်းအတွင်း စားသောက်နေထိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုကာ ကလေးသူငယ်များအား တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR