လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၄) ရက်နေ့ (၀၉:၃၀)
နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊
မြောင်းမြမြို့နယ်၊ ဦးမန်းစောဘု(မိဘမဲ့ဂေဟာ)တွင် ဂေဟာမှူး နှင့်တကွဂေဟာမှ ကျောင်းသား/သူ
(၂၀၀) ဦးတို့အား ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊
တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန် အချက်များအား
ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့်
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
Source: DDM