လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊
ကျုံပျော် မြို့နယ်၊ ဒိုက်ပျက်ကျေးရွာအုပ်စု၊ ဒိုက်ပျက်ကျေးရွာ၌ (၃၁-၇-၂၀၂၃) ရက်နေ့တွင်
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ သစ်ပင်ပိမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ
(၂)လုံးအတွက် အိမ်ဆာက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀၀/-) လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ
(၇) ရက်စာ (၂၁,၀၀ဝ/-) စုစုပေါင်းထောက်ပံ့ငွေ (၈၁,၀၀၀/-) ကျပ်တို့အား (၁-၈-၂၀၂၃) ရက်နေ့၊
(၁၄:၂၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌
ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM