၂၀၂၆ခုနှစ်၊ဇူလိုင်လ (၆) ရက်၊နံနက် ၁၀:၀၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံးက ကြီးမှူး၍ အမျိုးသမီးများ အိမ်တွင်းမုန့်လုပ်နည်း တတ်မြောက်စေရန်၊ မုန့်မျိုးစုံပြုလုပ်တတ်ခြင်းဖြင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးပြုလုပ်နိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ပန်းစုကြည်က သင်တန်းပြုလုပ်မည့်အစီအစဉ်နှင့် သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်က သင်ကြားမည့် မုန့် အမျိုးအစားများတွင် အသုံးပြုရမည့်ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ မုန့်ပြုလုပ်ပုံ အဆင့်ဆင့် နည်းစနစ်များနှင့် ပတ်သက်၍လည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပြသရာ သင်တန်း သူများကိုယ်တိုင် လက်တွေ့လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မုန့်ဟင်းခါး၊ အာလူးဆနွင်းမကင်း၊ ကြာဇံဟင်းခါး၊ စာကလေးပဲခွေကြော်၊ ကြက်ဥမရွေးစသည့် မုန့်ပြုလုပ်နည်းများကို ဦးစီးအရာရှိ ဒေါ်ပန်းစုကြည်နှင့် ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်တို့က သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၆) ရက်‌ မှ (၈) ရက်အထိ (၃) ရက်တာ သင်ကြားပို့ချမည်ဖြစ်ကာ ခန္တီးမြို့နယ်အတွင်းမှ မုန့်ပြုလုပ်နည်း စိတ်ပါဝင်စားသူ (၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းသိရသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း

MOS

DSW

DDM

DOR