လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့မှုကြောင့် ပဲခူးမြို့ အလကခွဲ (ဖောင်တော်ဦး) နှင့် ဖောင်တော်ဦး အမက တွင် ရွှေ့ပြောင်းထားရှိသော ဇိုင်းဂနိုင်း (တောင်ပိုင်း)မှ အိမ်ထောင်စု (၇၂)စု၊ လူဦးရေ (၃၂၀) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀/-) ကျပ်နှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၆၄၀) ခု တို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

MOS

DSW

DDM

DOR