လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့၏စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Centre အမှုဆောင်ညွှန်ကြားရေးမှူး၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centreမှ တာဝန်ရှိသူများက Online ဖြင့်ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့ကပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီးအဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြပါသည်။

အစည်းအဝေးပူးတွဲ သဘာပတိ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်အာဆီယံအတွင်းရေးမှူးချုပ်၏  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများတွင် အဟန့်အတားများရှိခဲ့သော်လည်းမြန်မာနိုင်ငံအနေဖြင့်ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုပါအကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အာဆီယံ Ad-hoc Support Team တို့ပူးပေါင်း၍ အဆိုပြုစီမံကိန်းများပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများကိုညှိနှိုင်းလုပ်ဆောင်လျက်ရှိပါကြောင်းတို့ကိုပြောကြားခဲ့ပါသည်။ ထို့နောက် ပူးတွဲသဘာပတိ၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoiက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းများအကြားသဟဇာတဖြစ်ရေးဆိုင်ရာလုပ်ဆောင်မှုများကိုအာဆီယံအနေဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ယနေ့အစည်းအဝေးတွင်ယခင်ဆောင်ရွက်ထားရှိခဲ့သောကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှု(PNA)ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များအလိုက် ပိုမိုကောင်းမွန်သည့်လုပ်ငန်းများ၊ အကြံပြုချက်များရရှိနိုင်မည်ဟုယုံကြည်ပါကြောင်းပြောကြားပါသည်။ထို့နောက် ဝန်ကြီးဌာန/ ဦးစီးဌာနများကအဆိုပြုထားသောစီမံကိန်း (၅) ခုကိုအတည်ပြုကြပါသည်။

ယင်းနောက် PNA အရအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သော စီမံကိန်းများ၊ဆောင်ရွက်ဆဲစီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre Ad-Hoc Support Team မှတာဝန်ရှိသူများတို့ကဦးစားပေးစီမံကိန်းများအလိုက် ဆောင်ရွက်တိုးတက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့်ထပ်မံပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်အသစ်များနှင့် ဦးစားပေးစီမံချက်များကိုအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်လက်ခံရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကိုအသိပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်

MOS

DSW

DDM

DOR