မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
                                  
                                      
                                        ၂၂ နိုဝင်ဘာ ၂၀၂၃                                       
                                       
                                      
                                 
                               
                             
                            
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ 
တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၂:၀၀)နာရီအချိန်အထိ 
မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းအုပ် ကြီးနှင့်တကွ
ဆရာ/ဆရာမများ၊ ဒုတိယနှစ် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ဦးစီး ဌာနမှ 
လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သတ်သော ဆောင်ရန်/
ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် 
ပလပ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး
ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း
သတင်းရရှိပါသည်။
Source: DDM