လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၁)ရက်နေ့(၁၈:၄၅)နာရီ  အချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာအုပ်စု ကတိုက်ကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လူနေအိမ်(၃)လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၄၈,၀၀ဝ/-)နှင့်လူဦးရေ စုစုပေါင်း (၈၂)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၁၇၂,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၂၀,၂၀ဝ/-)ကျပ်အားလည်းကောင်း ပြိုကျပျက်စီး လူနေအိမ် (၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးအိမ်ထောင်စု(၃)စုစတန်ဖိုးငွေ (၁၃၈,၁၀၈/-)ကျပ်အားလည်းကောင်း (၈-၇-၂၀၂၁)ရက်နေ့ (၁၅:၃၀)နာရီ အချိန်ခန့်တွင် ကတိုက်ကြီးကျေးရွာဘုန်းကြီးကျောင်း၌ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု

MOS

DSW

DDM

DOR