လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏  လမ်းညွှန်မှုဖြင့်မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေးဟောပြောပွဲကို (၁၄.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ လူကုန်ကူးမှုကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်အကြောင်းများကို အသိပညာပေးဟောပြောခဲ့ပြီး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးက ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြပါသည်။ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။



နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR