မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများအစည်းအဝေး(11th ASEAN Ministerial Meeting on Social Welfare and Development and 7thASEAN Plus Three Ministerial Meeting on Social Welfare and Development- 11th AMMSWD Meeting and 7th AMMSWD+3) အား Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံမှလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများပါဝင် တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ၊အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဌဖြစ်သူ အမျိုးသမီး၊ မိသားစုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဝန်ကြီးDato’ Sri HaJah Nancy Shukriက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အစည်းအဝေးအား“Accelerating the Implementation of ASEAN Commitments for Gender Equality through Gender Mainstreaming and Social Inclusion” Theme ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများ၏ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများက ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံသည်ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအတွက်  Sustainable Development Goal (SDG Goals) နံပါတ်(၅)အပါအဝင် ဆက်စပ်ရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးအတွက်နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရား(တစ်)ခုဖြစ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဖွဲ့စည်းမှု အခြေအနေများ၊ လိုအပ်သည့်ဥပဒေ၊မူဝါဒ၊လမ်းညွှန်ချက်များချမှတ်ဆောင်ရွက်မှုအခြေအနေများ၊ ကဏ္ဍစုံ၌ကျား၊မရေးရာအားထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် ကျား၊မတန်းတူညီမျှမှုရရှိစေရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(NSPAW)(၂၀၁၃-၂၀၂၂)ကိုအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် NSPAW Phase II (၂၀၂၃-၂၀၃၂)ရေးဆွဲနေမှုအခြေအနေများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ လူမှုရေးပင်စင်ထောက်ပံ့မှုနှင့် မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ASEAN နှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ မိုခါမုန်တိုင်းဒဏ်သင့်နေရာများသို့ Psychosocial Support Team များဖွဲ့စည်းစေလွှတ်၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား စိတ်လူမှုပိုင်းဆိုင်ရာများပံ့ပိုးမှုအခြေအနေများ၊ လူမှုဝန်ထမ်းသမား(Social Worker)များ၏ အရေးပါမှုများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်၍၂၀၂၅ခုနှစ်တွင် (၁၂)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃နိုင်ငံများအစည်းအဝေးတို့အား မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန် အတည်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

အစီအစဉ်အရအာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက အာဆီယံနိုင်ငံများ၏ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ခြင်း၊  ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ မှတ်ချက်ပြုဆွေနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားသောဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစားအစာ၊ သောက်ရေသန့်         အပါအဝင် ဆေးဝါးများ၊ ယာယီမိုးကာတဲများလှူဒါန်းမှုများ၊ မဲခေါင်-လန်ချန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်များအတွက် စီမံချက်တင်ပြထားမှုအခြေအနေများ၊ စီမံချက်များအကောင်အထည်ဖော်ခြင်းအားဖြင့် မဲခေါင်-လန်ချန်းဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဌဖြစ်သူ အမျိုးသမီး၊ မိသားစုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Dato’ Sri HaJah Nancy Shukriက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး  အစည်းအဝေးအားညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR