လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူး​ကျေးရွာအုပ်စု၊ ကျုံကူး​ကျေးရွာ၌ (၁၀-၈-၂၀၂၂) ရက်​နေ့၊ (၁၀:၀၅)နာရီအချိန်၌ ရုတ်တရက်​လေပြင်းတိုက်ခတ်၍ ကုက္ကိုလ်ပင်လဲကျမှု​ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​နေအိမ် (၃)လုံး အတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၂၀,၀၀ဝ/-)ကျပ်နှင့် ​ဘေးသင့်အိမ်​ထောင်စု (၃)စုမှ လူဦး​ရေ (၁၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၂၇,၃၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၄၇,၃၀ဝ/-) ကျပ်တို့အား (၁၁-၈-၂၀၂၂)ရက်​နေ့၊ (၁၂:၅၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ​ရှေ့​မှောက်၌  ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM 

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR