လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ မြန်မာ-ထိုင်းနှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်(၃၀)ဦးနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ Ms.Sara Binyohဦးဆောင်သောထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်(၁၅)ဦးပါဝင်တက်ရောက်ခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးခြင်းပြဿနာသည် နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းမရသည့် ရှုပ်ထွေးသော ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူအဖြစ် စိစစ်သတ်မှတ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်ပြန်လည်ပို့ဆောင်ရေး၊ တရားမျှတမှုရရှိရေးနှင့် ရေရှည်တည်တံ့သော ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးတို့အတွက် နိုင်ငံဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုသည်မရှိမဖြစ်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအကြား စံပြနမူနာကောင်းဖြစ်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ အဓိကအပိုင်းတွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနသည်လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီးလူကုန်ကူးခံရသူများအားတစ်ဦးလျှင်အမေရိကန်ဒေါ်လာ (၅၀၀)ခန့်နှင့်ညီမျှသောပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသားလူကုန်ကူးခံရသူများအားဂေဟာတွင်လက်ခံစောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့်လျော်ကြေးငွေများရရှိအောင်ကူညီဆောင်ရွက်ပေးခြင်းတို့အတွက်လူကုန်ကူးခံရသူများကိုယ်စားမြန်မာနိုင်ငံအနေဖြင့်ထိုင်းနိုင်ငံအစိုးရကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝန် MS. Sara Binyoh က အမှာစကားပြောကြားရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအနေဖြင့် MoU လက်မှတ်ရေးထိုးခြင်းမပြုမီကာလကတည်းကလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများအားပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊MoU အားလက်မှတ်ရေးထိုးပြီးနောက် ပူးပေါင်းဆောင်ရွက်မှုအားအရှိန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှုပြဿနာသည် လူသားများ၏ အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာချိုးဖောက်စေသည့် ပြဿနာဖြစ်သည့်အတွက် ထိုင်းနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာမဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီနိုင်မည့်နည်းလမ်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပြဿနားများကိုဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက် ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် လူကုန်ကူးခြင်းခံရသူများအားထိုင်းနိုင်ငံအစိုးအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာစံနှုန်းနှင့်အညီ

ကြည့်ရှုစောင့်ရှောက်ထားလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးအားနှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များဦးဆောင်၍ ဆက်လက်ကျင်းပခဲ့ပြီးအစည်းအဝေးဆုံးဖြတ်ချက် (၁၃)ချက်အားအတည်ပြုနိုင်ခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးအောင်မြင်ခြင်းအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးကထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု

MOS

DSW

DDM

DOR